

ပြာလဲ့လဲ့
မိုးကောင်းကင်အောက်မှာ
မကြေငြာဘဲ ရွာချတဲ့ မိုးကို
ခိုကိုးရာမဲ့ ကျီးကန်းအို က
ဘာကို အတွန့်တက်နေအုံးမှာလဲ....
အချိန်တန်လို့ နေတွေပူ
ရင်တွေလဲ ပူချင်ပူပါစေ…
အေးမြခြင်းရင်ခွင်
သူ့အတွက်တော့ ဟင်းလင်းပြင်ဘဲလေ
ဒဏ်ရာတွေ နှလုံးသွေးနဲ့ဆေးးးး
နာကျင်လား ….မေးမနေပါနဲ့တော့
နှစ်သိမ့်မယ်…အတူ
ဘယ်အရာမှ မယူပါဘူး…
ညတွေရယ် တိတ်ဆိတ်
အိပ်တန်းတက်မယ့် ငှက်လေးရဲ့ စိတ်
ဟိုးအဝေးမှာ မအိပ်ခင်အထိပေါ့
ဒီလိုနဲ့ဘဲ တွေးးးးးး
ဘ၀တွေ ဝေးးးးးး ဖို့ ရှိတယ်။
.....' '.....
ငပျောအူ
This comment has been removed by the author.
ReplyDeleteဒီလိုနဲ့ ဘဲတွေး
ReplyDeleteဟုတ်တယ်..ဘဝတွေ
ဝေးဖို့ ရှိတယ်....:)
အားပေးသွားတယ်ဂျာ..:P