" ည ရဲ့ လွမ်း "

လွမ်းရယ်.....
မဆုံနိုင်ဘူးဆိုပေမယ့်..ဆုံခဲ့ဖူးတယ်..
မလွမ်းရဘူးဆိုပေမယ့်...လွမ်းခဲ့ဖူးတယ်..
မဖြစ်နိုင်တဲ့ ကံတရားကိုလဲ..မှောက်မှားဖူးတယ်..
မာန်တင်းပြီးတော့လဲ ဇွတ်ရူးဖူးတယ်.
ဒီလိုနဲ့ဖြတ်သန်းခဲ့တဲ့ တစ်ရာသီလည်
နင်ရယ် ငါရယ်...မယုံနိုင်အောင်ရယ်
ချစ်တင်းလဲ နှောခဲ့ဖူးတယ်..
ညတွေရယ် အချိန်ခါပျောက်
နင်မလာတဲ့ သန်းခေါင်ယံအောက်
ငါတစ်ယောက်ထဲ
တိတ်ဆိတ်လို့ အိပ်မပျော်.. ခွေးတွေလဲ တစ်ကျော်ကျော်နဲ့
ကြင်သူရယ်..ရှောင်ဖယ်ကာ အဝေးး
ဘယ်ရင်ခွင်များ ပြေးပုန်းနေလေမလဲ...အတွေး
သံသရာတွေ မဆုံးသ၍
ဘယ်ခါမှ မုန်းမမေ့ပါဘူးး
မျှော်လင့်လို့ စောင့်ကြို ပုလဲလေးတွေ တွဲခို..
ခေါင်းအုံးလေးတောင် ချမ်းနေရှာရော့မယ်....ယုံ..။
.......' ငပျောအူ '......
No comments:
Post a Comment