Transparent Sexy Pink Heart

"ခရီးတစ်လျှောက်...တစ်ထောက်ခိုးနား...သင့်အပါးမှာ...ချစ်သူများလည်းရှိလိမ့်မယ်"..."သင့်ချစ်သူသည်သင်၏ပန်းတိုင် ... မဏ္ဍိုင်မဟုတ်"..၊ "ရှုံးရှုံး..နိုင်နိုင်..ပြိုင်ပြိုင်..ပြေးပြေး..မငေးမငဲ့ ၊ နောက်မလှည့်ပဲ ၊ ဝေးဝေးကိုသာပျံပါကွယ်"။

Thursday, June 13, 2013

0 "တစ်သက်စာ အိပ်မက်"



" တစ်သက်စာ အိပ်မက် "






 မမြင်နိုင်တဲ့ လေလှိုင်းထဲကနေ

Internet ဆိုတဲ့ ဘာသာဗေဒတစ်ခုနဲ့

Connection ဆိုတဲ့ ချိတ်ဆက်ပေးမှု့ကြောင့်

အမှောင်တွေရဲ့ ဆန့်ကျင်ဖက်

ညတွေရဲ့ တစ်ဖက်တစ်ချက်မှာ

မင်းဆီ ငါ အမြဲ ရောက်လာခဲ့တယ်နော်..


တကယ်တော့ ငါဟာ

နှလုံးသားရဲ့ ကိုးကွယ်ရာ မဟုတ်ခဲ့ပေမယ့်

မင်းကို စွဲလန်းတဲ့ စိတ်နဲ့

အချစ်ဖတ်စာ တွေကို

ကြိုးကြိုးစားစား Translate လုပ်နေသူပါ..


ကပိုကရိုနဲ့ လေ

မာယာတွေနဲ့ မနေခဲ့တာမို့

အဆင်းသာ မလှပေမယ့်

မင်းအတွက် နှလုံးသား အနုအရွတွေ

ထုပ်ပိုးထားသူပါ ချစ်သူ....


ဆုံတွေ့ဖို့က မသေချာ

မရေရာတဲ့ ဇာတ်ဆရာ အလိုကို

တို့တွေ လိုက်ဖြည့်ဆည်းဖို့

မင်းရဲ့ နားလည်မှုတွေရယ်

ငါ့ရဲ့ စာနာမှုတွေ ရယ်

ရဲရဲသာ ရင်ဆိုင် ကြံ့ကြံ့ ခံနိုင်ရမယ်နော်....


ဘယ်သူမှ မခိုဝင်

နှစ်ယောက်ထဲရဲ့ နယ်ပယ် လွင်ပြင်မှာ

အွန်လိုင်းဆိုတဲ့ တရားသူကြီးရဲ့ ရှေ့

တို့နှစ်ယောက်ထဲ လက်ထပ်တဲ့နေ့

G talk နဲ့ Team က အရန်

ဘယ်သူမှ မကျန်စေနဲ့နော်...

ခွံစိမ်းနဲ့ ငပျောအူ

Blogger တွေ လဲ ကူစေနော်...


ကာရံ ချိုတွေ မိတ်ဖွဲ့

ဒါ တို့နှစ်ယောက်ရဲ့

တစ်သက်စာ အိပ်မက်

အဆိပ်တွေ တက်ခဲ့ ရင်တောင်

ဘယ်တော့မှ မမေ့

ဒီနေရာမှာ အမြဲ တွေ့ကြစို့နော်...။


.......' ငပျောအူ '.......



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget