Transparent Sexy Pink Heart

"ခရီးတစ်လျှောက်...တစ်ထောက်ခိုးနား...သင့်အပါးမှာ...ချစ်သူများလည်းရှိလိမ့်မယ်"..."သင့်ချစ်သူသည်သင်၏ပန်းတိုင် ... မဏ္ဍိုင်မဟုတ်"..၊ "ရှုံးရှုံး..နိုင်နိုင်..ပြိုင်ပြိုင်..ပြေးပြေး..မငေးမငဲ့ ၊ နောက်မလှည့်ပဲ ၊ ဝေးဝေးကိုသာပျံပါကွယ်"။

Thursday, June 20, 2013

0 " ချစ်ခြင်းရဲ့ အတိမ်အနက် "



" ချစ်ခြင်းရဲ့ အတိမ်အနက် "



ချစ်ခြင်းတွေ စုစည်း

ငါတို့ နှစ်ယောက်အတွက်

တစ်ခုတည်းသော အိမ်လေးမှာ

အရာရာတွေ နှောက်ယှက်

အကြင်နာတွေ သာ ပျောက်ပျက်ခဲ့ရင်.....


အထင်မြင်တွေ လွဲမှား

မာနတွေသာ တံတိုင်းထားခဲ့ရင်....


မျက်ရည်ယို ၀ဲဂရက်တွေထဲ

ကူရာမဲ့ အသည်းတွေ ကွဲ ရင်းး

အချစ်အိမ်လေး ပြိုပျက်.

နှလုံးသားတွေ သာ အသက်မဲ့ ခဲ့ ရင်.....


အောက်ချင်းရဲ့ အသွင်

ဂျူးလိယက်ရဲ့ အမြင်နဲ့

ကြားဖူးခဲ့တဲ့ ရာဇ၀င်တွေကို

ဒီအတိုင်း မေ့ပစ်လိုက်တော့မှာလား ချစ်သူရယ်....


သတိရလွန်းလို့ ခေါ်လိုက်မိတဲ့

နာမည်လေးရဲ့ အတိမ်အနက်ကို

မင်းသာ နားလည်မယ်ဆိုရင်

ခံနိုင်ရည်တွေ နှလုံးသွေးနဲ့ မွေးး

ငါတို့ နှစ်ယောက် နွေးထွေးကြမယ်လေ ဟာ.....။



                              ......' ငပျောအူ'......



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget