

သူငယ်ချင်း…….. ဘ၀ဆိုတာ
မပြည့်စုံခြင်းရဲ့ အနာ တစ်ခုဘဲ
နာကျင်မှုတွေေ၀၀ဲနေတဲ့ ကောင်းကင်
ကြယ်ရောင်လေးတွေ ဘယ်မြင်လိမ့်မလဲ....
အမုန်းမြို့က သီအိုရီ
ချစ်ခြင်းမြို့မှာ မခင်မင်......
တွယ်တာခြင်းအရပ်
နှလုံးသားထဲမှာ ထပ်...
ပျော်ရွင်မှုနဲ့ အသက်ဆက်….
သံစဉ်ယိုဖိတ်
ကြယ်တာယာတွေတောင် အိပ်..
တိတ်ဆိတ်…
ရှူး…….တိုး…...တိုး…
သူငယ်ချင်းလေး အိပ် … အိပ်…
အိပ်မက်တွေ ချိုနေလေရဲ့
သံစဉ်မပျောက်ခင် အမြန်ရောက်မှ…..
ကြယ်ရောင်လေးတွေ……
မျှော်နေလိမ့်မယ်…………..?
.....' '.....
ငပျောအူ
No comments:
Post a Comment