တို့တွေရဲ့ဇာတ်လမ်းက
အမှတ်တမဲ့ဆိုတဲ့ လမ်းမှာ
ခပ်ဆန်းဆန်းလေး စခဲ့ကြတယ်ပေါ့………
အမှတ်တမဲ့ဆိုတဲ့ လမ်းမှာ
ခပ်ဆန်းဆန်းလေး စခဲ့ကြတယ်ပေါ့………
ပိုင်ရှင်ဆိုတဲ့ နာမ်စားတွေ
နှလုံးသားထဲ ကိုယ်စီထားလို့
ဘ၀ရဲ့ ခပ်စောင်းစောင်းမှာ
အလှည့်အပြောင်းဆိုတဲ့ နိယာမနဲ့
သံယောဇဉ် ကြွေးတွေတင်
တို့နှစ်ယောက် ချစ်ခဲ့ကြတယ်ပေါ့……..
အာကာပြင်ရဲ့ လက်ဆောင်
ကံကောင်းခြင်းတွေ ထက်တောင်မှ
မင်းလေး…….
ပေးဆပ်နိုင်ခဲ့ပါတယ်………
ကံကောင်းခြင်းတွေ ထက်တောင်မှ
မင်းလေး…….
ပေးဆပ်နိုင်ခဲ့ပါတယ်………
ရင်ခွင်ရဲ့တံခါး မဆုံနိုင်တဲ့ အတားတွေကို
မျက်လုံးစုံမှိတ် ချိုးပစ်ချင်စိတ်တွေလည်း
အကြိမ်ကြိမ်နိုးထလို့…..
ယိုးမယ်ဖွဲ့ချင်ပေမယ့်လည်း
ကံတရားကို သနားတယ်………
မျက်လုံးစုံမှိတ် ချိုးပစ်ချင်စိတ်တွေလည်း
အကြိမ်ကြိမ်နိုးထလို့…..
ယိုးမယ်ဖွဲ့ချင်ပေမယ့်လည်း
ကံတရားကို သနားတယ်………
ဒါပေမယ့် ကောင်လေးရယ်
ဒဏ္ဍာရီပုံပြင်ထဲက
ခုနှစ်ဘုံဆောင် ရဲတိုက်ရဲ့
အလှဘုရားမလေးလို…
ငွေ့ရည်ဖွဲ့ မျှော်ရတဲ့ ဘ၀မို့..
(ကောင်လေးရယ်)
မုန်းဖို့သာ လိုချင်မိတယ်……………?
.....' '.....
ငပျောအူ
No comments:
Post a Comment