

အားမာန်အပြည့်နဲ့ လျှောက်လှမ်းမယ် ကြံကာမှ
ကုပ်တွယ်မှုမဲ့ သဲကြိုးအိုက
ငါ့ကို လှောင်ရယ်ပြန်တယ်…
ခင်မင်မှုကို အရောင်စပ်
ကာလာတွေ အမျိုးမျိုး ထပ်နေကြပေမယ့်
ငါယူခဲ့တာ ဖြူစင်မှုဆိုတဲ့
ရေကြည် တစ်ခွက်ထဲပါ…
အလင်းမဲ့ အမှောင်ထုကို
ဖန်းတီးခဲ့သူက ငါဆိုရင်တောင်
ကျေးဇူးပြုပြီး သံသယ မ၀င်ပါနဲ့
ငါ့မှာ ဒိုင်းလွှားတွေ မပါပါဘူး……….
သားသားနားနား ခင်မင်ဖို့ အတွက်
ရှားရှားပါးပါး သီကုံးပြစရာ လိုလား…
ရုပ်သေးရုပ်လို ကြိုးမရှုပ်
ဒဿလို မကြမ်းကြုတ် တတ်သူမို့
လောကကို အံတု
ခင်မင်မှုကိုတော့ လစ်လျူမရှုသင့်ပါဘူး.....
ခင်မင်မှုရဲ့ အဓိပ္ပယ်
သူငယ်ချင်း နားလည်စေချင်တယ်………။
.....' '.....
ငပျောအူ
No comments:
Post a Comment