

ချစ်သူ
ခွဲခွာခြင်း သရဖူ
ငါ မယူခင် အရူးဆုံးအိပ်မက်
လမင်းကိုလဲ တပ်မက်ခဲ့ဖူးတော့
အလွမ်းတွေ ကစဉ့်ကလျားနဲ့..
ရင်ခွင်ရယ်…မှားခဲ့မိပြီ….
အိပ်မက်တွေ ကုန်ဆုံး
ငါအပြင်းဆုံး မရုန်းခင်မှာ
မင်းအတွက်တော့…
အလှဆုံးးးးး အပြုံးတွေနဲ့ပေါ့
အချစ်ရဲ့ အဆိပ်ပန်း
တယုတယနဲ့ နမ်းခဲ့ ပေမယ့်…
ငါ့အတွက်တော့ ရင်ခွင်က အရိုင်းပေမို့
ရင်နင့်ချက်တွေ …မြင်စေချင်တယ်…
အချစ်ဆိုတဲ့ ၀ိသေသ
ဖန်းတီးမရတဲ့ ဒဿနမို့
အပြစ်မမြင်ပါဘူး ချစ်သူ….
ချစ်သူချင်းသာ နီးနိုင်ပါစေ…
ချစ်ခြင်းတွေ ကာရံ ညီလို့
သာယာပါစေချစ်သူ….
ဘ၀ တစ်သက်သာ
တစ်ခေါက်တစ်ခါ သတိရ ရင်ဖြင့်
တစ်ခေါက်တစ်ခါသာ…ချစ်ခဲ့သမျှ
ဖြေသာနေပါ့မယ်….ချစ်ရသူရယ်….၊၊
.....' '.....
ငပျောအူ
No comments:
Post a Comment