

မကြင်နာလို့ မုန်း….
မာယာတွေ မသုံးပါနဲ့…ချစ်သူ……
တွယ်တာခြင်း တစ်ခုအတွက်
ငါ့ရင်တစ်ခုလုံး…..မှောက်….
ကြယ်ရောင်ပျောက် ညတွေလဲ ….များခဲ့ပြီ..
မင်းရဲ့ ခြေရာခွက်…
ပင်လယ်တမျှ မက်ခဲ့မိတဲ့…..( ငါ့အတွက်)
ရေငန်တွေသာ မြိန်ရှက်နေမိတယ်…..
ကျွမ်းသွားတော့မယ့် ရင်…..
ငါ……ခုံမင်ပြီး……
ရင်ခုန်စရာ မင်းရဲ့ ကစားပွဲ……
ဘယ်မှာဘဲ……နွှဲနွှဲ…….
ချွေးဆို့နေတဲ့ အခိုက်တန့်တော့…
ငါ……………….
ရေအေးအေးလေး…… တစ်ခွက်တော့ …
ယူလာမိမှာပါ…………..
ငါ့ရဲ့ အကျည်းတန် အချစ်ဆိုတာ….
မင်းအတွက်တော့………..
အဆာပြေ ရေတစ်ခွက်ပေါ့…………..။
.....' '.....
ငပျောအူ
No comments:
Post a Comment