Transparent Sexy Pink Heart

"ခရီးတစ်လျှောက်...တစ်ထောက်ခိုးနား...သင့်အပါးမှာ...ချစ်သူများလည်းရှိလိမ့်မယ်"..."သင့်ချစ်သူသည်သင်၏ပန်းတိုင် ... မဏ္ဍိုင်မဟုတ်"..၊ "ရှုံးရှုံး..နိုင်နိုင်..ပြိုင်ပြိုင်..ပြေးပြေး..မငေးမငဲ့ ၊ နောက်မလှည့်ပဲ ၊ ဝေးဝေးကိုသာပျံပါကွယ်"။

Wednesday, August 14, 2013

0 "၀ဋ် နဲ့ ကြမ္မာ"



" ၀ဋ် နဲ့ ကြမ္မာ "



မမြင်နိုင်တဲ့ ကြမ္မာရယ်

ဘ၀ရဲ့ အလှည့်အပြောင်း

ဒုက္ခတွေရဲ့ မနက်ဟောင်းကို

နင်...တစ်စေ့တစ်စောင်းတောင်

လှည့်မကြည့်ခဲ့ဖူးနော်.....


ဒဏ်ရာတွေ ဗလုံးဗထွေး

သေရာပါမယ့် နှုတ်ခမ်းသွေးတွေနဲ့..

နာကျင်အောင် ဆေးရေးနေတာ..

နင်....ဒီအတိုင်းပဲ..

ငေးနေရက်တယ် ..ဟာ...


ဝဋ်ဆိုတဲ့.. သံသရာကြွေးထဲ..

မညှာမတာနဲ့ အလဲအကွဲ

မာယာတွေနဲ့ ထိုးဆွဲနေတာတော့..

နင်.....

အငြိုးကြီးလွန်းတာပေါ့....


တစ်ချိန်ချိန်မှာ အကြောင်းတွေ့

အတိတ်ဟောင်း ကို..

ပြန်ပြောင်းကာ.. အောင်းမေ့ခဲရင်..

နင်.....

မညာပါနဲ့ ဟာ...

ဝဋ် နဲ့ ကြမ္မာ တစ်တွဲထဲ မိုလို့ပါ....။


                          .......' ငပျောအူ '.......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget