

ချစ်သူ
ရင်ခွင်..ရဲတိုက်
ငါ ….မမိုက် တမိုက်နဲ့…
တည့်တည့်သာ အတင်းဝင်
ဖိုသီဖတ်သီ နဲ့ အချစ်အင်
အထင်သေးတာဘဲ အဖတ်တင်တယ်….
ချိုချို ခါးခါး… သူတောင်းစားမို့
ပေးတာယူ ကျွေးတာစား….
အချစ်တွေက အခုထိတော့….
ကော်ဖီခါးခါးထက် သာတယ်….
စိတ်ကူးယဉ် ဆန်ဆန်…
လက်တွေ့ဘ၀တွေက…
ကာရံမလှတဲ့ ကဗျာတစ်ပုဒ် အဖြစ်
ဆုပ်လဲ စူး …စားလဲ ရူးရတော့မှာမို့
ငါလည်းဘဲ…လမ်းပျောက်နေမိတယ်….
ဝေဟင်မှာ…တောင်ပံကျိုး….
ပျံသန်းတဲ့ ဇင်ယော်မျိုးလို
ရင်ကွဲတာက လွဲ …ဘယ်အရာတွေ မြဲ..ခဲ့လို့လဲ
ပိုင်ဆိုင်သမျှ…. အကုန်…
မင်းသာ….လိုမယ်ဆို….
ပေးဆပ်မယ်…. အကုန် …
မင်းယုံချင်မှ ယုံပါ……
ကောင်းကင်ယံက လမင်း
ငါ့အတွက် မလင်းပေမယ့်
အဝေးကဘဲ အချစ်ပို
ငါ ….ကြိတ်ငိုနေတာဘဲ ကောင်းပါတယ်…
နှလုံးသားတွေ ဗလောင်ဆူ
ညတွေလဲ အမှောင်ထူ
တပ်မက်နေတဲ့ စိတ်အမြူက
နင်ပေးမယ့် တွယ်တာခြင်း အဖြူ ဆိုတာ…
တစ်နေ့နေ့တော့….မင်းနားလည် လာမှာပါ…
လိပ်ပြာရယ်….။
.....' '.....
ငပျောအူ
No comments:
Post a Comment