

ကြည်ပြာရောင် အတွေး တွေနဲ့….
ကြည်စယ်ကာ မပြေးပါနဲ့…..ချစ်သူ…..
ကြင်နာခြင်း ဖြူဖြူ
ရင်ခုန်သံခြင်း တူတူ မို့…..
မင်းရဲ့ ဝေဟင်….. ရင်ခွင်ပြင်မှာ……
ခေမာတွေ …..မအိပ်ခင်…..
သံစဉ်တွေနဲ့ သိပ်ဖို့……….
ကာရံတွေ ပျိုးထားပေးပါ….ချစ်သူ....
နှလုံးသားကို စစ်ကူ
နွဲ့ဆိုးသူကို…ပြစ်မယူဘဲ……..
ရင်ခွင်ထဲ…..ပွေ......
ထွေးသိပ် ပေးပါ .. ချစ်သူ.....
ရင်ခွင် နွေးနွေးမှာ…
သံစဉ် အေးအေးတွေ နဲ့….
ခဏတာ……မူပိုင်ခွင့်….
ရခဲ့မယ် ….ဆိုရင်……
ငါ...……............။
.....' '.....
ငပျောအူ
No comments:
Post a Comment