" ဆုံတွေ့ခွင့် "

ချစ်သူ
လွမ်းရတဲ့ နေ့ရက်တွေမှာ
ငါ တစ်ယောက်ထဲ မှေးစက်ရတဲ့ ညတွေ
လမင်းရယ်.. ဘယ်လောက် သာသာ
ဒီရင်မှာ မှောင်မိုက်လွန်းတယ်ဟာ...
နင်နဲ့ တစ်ခေါက်တစ်ခါ တွေ့ဖို့ရယ်..
ရေမြေတွေ ခြားနေတယ် ..တကယ်
အဝေးကြီးပဲ ချစ်သူရယ်...
မင်းရင်ခွင်မှာ မှေးစက်ခွင့်...
မျှော်လင့်ခြင်းရဲ့ အနမ်းအစစ်
ခဏလေးပဲ ဖြစ်ဖြစ်ပါ....
ပျော်ရွှင်ခြင်းတွေနဲ့ အတူ
တစ်ခဏ လောက်တော့
ဆုံဖူးချင်တယ်... ချစ်သူရယ်..။
......' ငပျောအူ '........
No comments:
Post a Comment