သံသရာအလံကိုယ်စီကိုင်ထားကြတဲ့ 
ဆုံမှတ်မရှိတဲ့....
ဆုံမှတ်မရှိတဲ့....
ကိုယ်တို့ နှစ်ယောက်....။
နှစ်ကိုယ်အသိကိုယ်စီထားရှိပြီးတဲ့ကိုယ်တို့ နှစ်ယောက်က
အချစ်တစ်ခုတည်းနဲ့ 
ဘဝနှစ်ခုကို ထုဆစ်တည်ဆောက်...
ပြီးမြောက်သွားဖို့  ခရီးပေါက်အောင်
ဘယ်လိုစွမ်းဆောင်နိုင်မှာလဲကောင်မလေးရယ်...။
လွမ်းစရာဒုက္ခလှိုင်းတွေ...ယောင်ကိုင်း
နှလုံးသားကိုမှိုင်းတိုက်...အလိုလိုက်ခဲ့ကြတဲ့...
ကိုယ်တို့ နှစ်ယောက်က...
"ပကတိ လူမိုက်လက်သစ်တွေပါ"...။
"ဘာကြောင့်များသံယောဇဉ်တွေညှိတွယ်နေကြရတာလည်းကွယ်....."
ကိုယ့်မှာ...
ပျော်ရွှင်စရာဆိုလို့  အိမ်မက်တွေပဲရှိပါတယ်...
ပြီးတော့...
ရင်ထဲမှာမြိုသိပ်...တိတ်တိတ်ဆိတ်ဆိတ် မြတ်နိုးစိတ်နဲ့ 
ပေါက်ကွဲထားတဲ့ ... မင်းရဲ့ စကားလုံးလှလှနဲ့ ကဗျာတွေလည်းရှိတယ်...၊
ချိုမြိန်တဲ့ဒုက္ခရဲ့ စီးမျောခြင်းတွေထဲ...
ဖွဖွလေးလိမ့်ကျသွားလိုက်...
တကယ်တော့...
ထွေးပိုက်တမ်းမက်စရာဆိုလို့ 
အလွမ်းသုခအမှုန်အမွှားလေးတွေပဲကိုယ်ပိုင်ဆိုင်တာပါ။
လစ်ဟာနက်ရှိုင်းတဲ့ ...
ခံစားချက်ကွက်လပ်ကို သိမ်းပိုက်ရကျိုးနပ်အောင်
ကိုယ့်အနားကနေ...ဟိုး...အဝေးကို မင်းထွက်ပြေးမသွားရင်ဘဲ
ကိုယ်..ကြေကွဲရကျိုးနပ်ပါတယ်ကောင်မလေးရယ်...။
ကိုယ်..ကြေကွဲရကျိုးနပ်ပါတယ်ကောင်မလေးရယ်...။
....'ခွံစိမ်း'....
ချိုမြိန်တဲ့ ဒုက္ခ
ReplyDeleteအလွမ်းဆိုတဲ့ သုခ တွေနဲ့အတူ
သံသရာခရီးဆုံးသည့်တိုင်
နှစ်ဦးသား နားလည်တဲ့
နှလုံးသားစကားတွေ ပြောရင်းး
မင်းးနားမှာ အရိပ်
ငါ...တိတ်တိတ်လေးး ရှိနေမှာပါ..