....ငါ....

ကိုယ့်ကိုယ်ကိုထူထ....ဒဏ်ရာဗလဗွနဲ့ 
အရာရာကိုဆန့် ကျင်နေထိုင်လာခဲ့တဲ့....ငါ
စိုးရိမ်မှု့ တွေများ
ယမကာအခိုးအငွေ့ တွေကြားက
အချစ်ကို ' မီး ' အဖြစ်တွေး....
ဝဋ်ကြွေးလို့ ထင်ကြေးပေးနေတဲ့ ....ငါ
သတိမဲ့မှား..အာရုဏ်အထားအသို ..အလွဲများစွာနဲ့ 
စိတ်အမှိုက်တွေနဲ့ ..ငါ
အတ္တလွန်တွေးခေါ်မှု့ တွေကိုပုံစံသွင်း
သံယောဇဉ်ဆိုတာကိုဖိနပ်အဖြစ်နင်းနေတဲ့ ....ငါ
စိမ်းစိမ်းကားကားစကားလုံးဆိုးတွေနဲ့ 
(အဖြူရောင်)ချစ်သူကို....အားအင်မဲ့ကင်း
မြှားတစ်စင်းလိုပစ်ခွင်း...အရိုင်းဇာတ်ခင်းနေတဲ့....ငါ
အကျင့်စရိုက်ဆိုးတွေနဲ့ 
မရေရာတဲ့အတွေးတစ်ချို့ ကိုထိုးဆွ
သေချာတာကတော့.....!
နင့်ဘဝနဲ့ ငါ..
ဘယ်တော့မှအံဝင်ခွင်ကျဖြစ်မှာမဟုတ်ဘူး။
တစ်ခန်းရပ်ပြဇာတ်ထဲကလို...တစ်ယောက်တည်းအထီးကျန်
အချစ်ပေးတဲ့ပြစ် ဒဏ်...ခံနိုင်အားမွေး
ငါ..လွမ်းနေရုံကလွဲပြီး
ဘာများတတ်နိုင်အုံးမှာလဲ...ဟာ
ငါ့...ရင်ကိုခွဲ...ငါ့ လက်ကိုမတွဲဘဲ
ရဲရဲဝံ့ဝံ့.လျှောက်လှမ်းစမ်းပါချစ်သူရယ်။
.....' ခွံစိမ်း '.....
No comments:
Post a Comment