Transparent Sexy Pink Heart

"ခရီးတစ်လျှောက်...တစ်ထောက်ခိုးနား...သင့်အပါးမှာ...ချစ်သူများလည်းရှိလိမ့်မယ်"..."သင့်ချစ်သူသည်သင်၏ပန်းတိုင် ... မဏ္ဍိုင်မဟုတ်"..၊ "ရှုံးရှုံး..နိုင်နိုင်..ပြိုင်ပြိုင်..ပြေးပြေး..မငေးမငဲ့ ၊ နောက်မလှည့်ပဲ ၊ ဝေးဝေးကိုသာပျံပါကွယ်"။

Wednesday, August 14, 2013

0 "နှလုံးသား မြို့စား"



" နှလုံးသား မြို့စား "



ဝင်းပ ရွှန်းဆို

ညှို့နက် မျက်ဝန်း

ကော့လဲ့ မျက်တောင်

နှုတ်ခမ်း သွေးရောင်

တည်ကြည် ခန့်ငြား

အော်......

နှလုံးသား မြို့စား...။


တမူ ထူးခြား

အပြော ကကြွယ်.

ရင်အုပ် က နှယ်..

ခပ်ကျယ် ကျယ် နဲ့

ကိုယ်ထည် ကနွေး

ပန်းလေး တွေငေး

အော်.....

ကျွန်မ ချစ်သူလေး....။


တွေ့ချင် စိတ်ရယ်

ရင်ထဲ မှန်းရွယ်

တိမ်စိုင်တွေ ငိုနေတယ်...

အော်......

ကယောင် ကတောင် မက်တဲ့

အိပ်မက်ရယ်........

လွမ်းစိတ်နဲ့ သာ ကျေနပ်တယ်....။


                               .......' ငပျောအူ ' ......




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget