" နင် မရှိတဲ့ ဘ၀တွေက နေသားတကျ ကို မဖြစ်ဘူး"

သဟဇာတ မဖြစ်တဲ့ ၀န်းကျင်
စိမ်းစိုတိုင်း မအေးမြတဲ့ အရပ်
တကယ်တော့ ငါ တပ်မက်နေခဲ့တာက
လှောင်အိမ်ထဲက နေ့ရက် ဆိုတာ
ကြားသမျှ ငှက်ကလေးတွေ
လှောင်ရယ် နေကြမှာပါ...
ဒါပေမယ့် ငါသိလိုက်ပါတယ်
တကယ်တော့ ငါဟာ
နင် စေလိုရာ နှင်တဲ့ အတိုင်း
အဝေးကပဲ လေလွင့်တိုင်းလွမ်း
အတောင်ကျိုးနေတဲ့ ငှက်ကလေး အရိုင်းပါ...
နင့် အတွက်
သီကျူးနေတဲ့ သံစဉ်တွေလဲ မသာယာ
နင် ငါ့ကို ညှာတာ မနေပါနဲ့တော့ ဟာ..
ငါ နင်နဲ့ အဝေး
တစ်မြေဆီမှာပဲ အလိုက်တသိလေးး
ဆွေး နေပါတော့မယ်....
........" ငပျောအူ "........
No comments:
Post a Comment