Transparent Sexy Pink Heart

"ခရီးတစ်လျှောက်...တစ်ထောက်ခိုးနား...သင့်အပါးမှာ...ချစ်သူများလည်းရှိလိမ့်မယ်"..."သင့်ချစ်သူသည်သင်၏ပန်းတိုင် ... မဏ္ဍိုင်မဟုတ်"..၊ "ရှုံးရှုံး..နိုင်နိုင်..ပြိုင်ပြိုင်..ပြေးပြေး..မငေးမငဲ့ ၊ နောက်မလှည့်ပဲ ၊ ဝေးဝေးကိုသာပျံပါကွယ်"။

Monday, February 3, 2014

0 " ပကာသန ဇာတ်ပျက်သမား"


" ပကာသန ဇာတ်ပျက်သမား "





ငါ မနေတတ်ဘူး ချစ်သူ

မင်းမရှိတဲ့ ငါ့နေ့ရက်တွေ 

ခြောက်သွေ့လွန်းလို့ပါ..


ငါ မပျော်တတ်ဘူး ချစ်သူ

မင်းနဲ့ဝေးတဲ့ ငါ့ နေ့ရက်တွေ

အထီးကျန်လွန်းလို့ပါ...


ငါ့ကို မထားခဲ့ပါနဲ့ ချစ်သူ

မင်းထားခဲ့တဲ့ ငါ့နေ့ရက်တွေ

အသက်မဲ့လွန်းလို့ပါ..


ဒါပေမယ့်လဲ ချစ်သူရယ်

ငါ မလိုပဲ ပြည့်စုံနေတဲ့ မင်းအတွက်

အချစ် ဒဿ     နတွေ ဘေးကပ်

အသဲကွဲ ကဗျာတွေသာ အစီအရီ စပ်မယ့်

ပကာသနရဲ့ ဇာတ်ပျက်သမား ပါဟာ....။


                                    ....... " ငပျောအူ ".....



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget