Transparent Sexy Pink Heart

"ခရီးတစ်လျှောက်...တစ်ထောက်ခိုးနား...သင့်အပါးမှာ...ချစ်သူများလည်းရှိလိမ့်မယ်"..."သင့်ချစ်သူသည်သင်၏ပန်းတိုင် ... မဏ္ဍိုင်မဟုတ်"..၊ "ရှုံးရှုံး..နိုင်နိုင်..ပြိုင်ပြိုင်..ပြေးပြေး..မငေးမငဲ့ ၊ နောက်မလှည့်ပဲ ၊ ဝေးဝေးကိုသာပျံပါကွယ်"။

Wednesday, August 14, 2013

0 "၀တ်မှုန်"


" ၀တ်မှုန် "





အလှပေါ်တွင် အယဉ်ဆင့်လို့

တုနှိုင်းမဲ့ သင်းကြူကြူ

ချိုမြိန်မှုနဲ့ ထပ်တူ

ဝတ်မှုန်ဆိုတဲ့ အလှပကေး

လိပ်ပြာအတွက်သာ တွေးနေမိတယ်...


ချစ်လို့လဲ အကြိမ်ကြိမ်ယုံ

ပွင့်ဖူးရတဲ့ ၀တ်မှုန်လို

လိပ်ပြာလေး နမ်းဖို့အရေး

အလွမ်းတွေနဲ့ပဲ လုံးထွေးနေတယ်..


ပွင့်ဖတ်ကို မညှာတာ

ရိုးတံကို မသုံး

လိပ်ပြာကိုပဲ အချစ်ဆုံးပါ..


ကြွေလွင့်ခွင့် မကြုံ

တို့တွေသာ တကယ် မဆုံရင်

လိပ်ပြာရယ်....... မငိုပါနဲ့နော်

................................။


                      ......'ငပျောအူ'.......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget