" ခံစားမိတဲ့ အနာ "
ဘဝ ခါးခါးတွေ ထဲမှာ
အလှတရားတွေလဲ ရှားပါးနေပြီ...
နေညိုရောင်တွေ လွင့်စင်ကျ
အမှောင်ဖုံးနေတဲ့ အညတရ ဘဝမှာ
ရွှေအိုရောင်ဆိုတာ
ငါ့ဘဝနဲ့ ယောင်လို့တောင်
ထပ်တူ မကျခဲ့တာလေ.....
နာကျင်အောင်လဲ မတွေးတော့ဘူး..
ရင်နာအောင်လဲ မရေးတော့ဘူး..
မှောက်မှားခဲ့တဲ့ ကံတရားကိုလဲ
ယိုးမယ် မဖွဲ့တော့ဘူးး.....
ခံစားမိတဲ့ နှလုံးသားကိုသာ
ဒဏ်ရာတွေ အပ်ချည်နဲ့ ဖာထေးး
တစ်ကိုယ်ရည်သာ ရိုးရိုးလေးတွေး
နူးညံ့စွာ ခပ်ပါးပါးလေးပဲ
ဆေးခတ် ထားလိုက်တော့တယ်.....။
...." ငပျောအူ ".....